ချင်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေသည့်အလျောက် စစ်ကောင်စီ၏တပ်များက ချင်းအမျိုးသားတပ်ဦး/တပ်မတော်အပေါ် ထိုးစစ်ဆင်လိုသည့် အသွင်များဆောင်လာကြောင်း ဒေသတွင်းပြည်သူလူထုများထံမှ သိရသည်။ CNF/A ထိန်းချုပ်နယ်မြေအတွင်းရှိ Sopum ကျေးရွာ၊ Vanzangtlang ပတ်ဝန်းကျင်နှင့် ထန်တလန်မြို့များတွင် SAC တပ်များ အင်အားတိုးချဲ့လာကြောင်း ထိုအနီးနားတွင်နေထိုင်သူများမှတဆင့် သိရသည်။ချင်းအမျိုးသားတပ်ဦး/တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ဖြစ်ပွါးခဲ့သည့်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်းနှင့် ပြည်သူများနှင့်အတူတကွရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here