ကမ္ဘာမှာ စောက်ရှက်အမဲ့ဆုံး စစ်တပ်ပဲ၊မနေ့က (6.4.2021) မနက်ပိုင်း တာဟန်းခံတပ်က တာဝန်ရှိတဲ့သူတွေကို စစ်တပ်ကလာပြီး ညှိုနှိုင်းတယ်၊ စစ်တပ်က ခံတပ်ကို ဖျက်ပေးဖို့ပြောတယ်၊ပြည်သူဘက်က ခံတပ်ကို မဖျက်ပေးနိုင်ကြောင်းနဲ့ ခံတပ် ဧရိယာ အတွင်းမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့်အကြောင်းပြန်ပြောတယ်၊ စစ်တပ်ကနေ ဒီနေ့ (7.4.2021) မနက် (10:00 AM) အထိ ပစ်ခတ်မှုတွေ မပြုလုပ်သေးပဲ ဆက်ဆွေးနွေးမယ် ပြောထားပြီး ခုတော့ ကတိမတည်စွာနဲ့ မနက် အစော (5:15 AM) မှာ ခံတပ်ကို ဗုံးနဲ့ အရင်ပစ်တယ်၊ မနက် (4:00 AM) လောက်ထဲက စစ်သားနဲ့ ရဲ အင်အားအများအပြားနဲ့ ရပ်ကွက်တွေထဲကို တိတ်တဆိတ်ဝင်ပြီး နေရာယူထားတယ်၊ ခံတပ်မှာ ညကင်းယူနေတဲ့ ကလေးတွေ အလစ်အငိုက်ကို အတင်းဝင်လုံးတယ်၊ စက်သေနတ်ပစ်ကူယူတယ်၊ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တယ်၊ ပင်မခံတပ်ရှိတဲ့ ဗိုလ်ချုပ်လမ်းအပြင် ကြားလမ်းတွေဖြစ်တဲ့ ကျန်စစ်သားလမ်း၊ မြို့ပတ်လမ်းတွေကနေပါ ညှပ်ပစ်တယ်၊ မြို့အနောက်ဖက်ပိုင်း ကလေး တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်အင်အားတချို့ကလည်း အနောက်ကနေ ပတ်ပစ်တယ်၊ ပြည်သူ့ခံတပ်ဘက်က လောလောဆယ် သူရဲကောင်း (၃) ယောက်ကျထားတယ်၊ ဗုံးထိလို့ လက်ပြတ် ခြေပြတ်သွားတဲ့ သူတွေရှိနေတယ်၊ မနက်အစော ဈေးထွက်ဖို့ပြင်နေတဲ့ ဈေးသည်တယောက် ခြေထောက်ထိတယ်၊ပထမ ခံတပ်ဖြစ်တဲ့ KBZ bank (၂) နားက ခံတပ်ကျသွားတယ်၊ နောက်ကပါလာတဲ့ ဘူရူဇာ နဲ့ အတားအဆီးတွေကို အတင်းဝင်ဖျက်တယ်၊ ပြည်သူဘက်ကနေဒဏ်ရာရနေတဲ့ လူနာတွေကို ဝင်ကယ်ဖို့ အားလုံး ကြိုးစားနေကြတယ်၊ စစ်တပ်က မဲမဲမြင်ရာ ပစ်နေတာမို့ အခက်အခဲတော့ရှိနေတယ်၊ မွန်းလိုင်မှာရှိနေတဲ့ ယာယီဆေးခန်းကို အခုပဲ စစ်တပ်က ဝင်စီးတယ်၊ ဒဏ်ရာရ ပြည်သူတချို့ အဖမ်းခံလိုက်ရတယ်၊ဒီနေ့ ခံတပ်ကို မဖြိုခွင်းခင်တည်းက ရှေ့ရက်တွေမှာ ကလေးတောင်ပိုင်းက ရွာတွေမှာ စစ်တပ်နဲ့ ပြည်သူ ထိပ်တိုက်ရင်ဆိုင်ခဲ့တာတွေ အများကြီးရှိတယ်၊ ပြည်သူတွေဘက်ကလည်းကျတယ်၊ စစ်ခွေးတွေဘက်ကလည်း အကျအရှုံးများတယ်၊ အောက်ခြေစစ်သားတွေ ကျခဲ့ရင် ရှိတဲ့နေရာမှာ ဖြစ်သလိုပဲ မြှုပ်လိုက်ပြီး သတင်းအစအနဖျောက်တယ်၊ ရာထူးကြီးပိုင်းဖြစ်တဲ့ ဗိုလ်တွေ ဗိုလ်ကြီးတွေ ကျတဲ့အခါ သက်ဆိုင်ရာ မိသားစုကို အကြောင်းကြား၊ အလောင်းကို မိနစ်(၂၀) ခန့် ကြည့်ပြီးတာနဲ့ ချက်ချင်း သဂြိုလ်တယ်၊ သူတို့ရဲ့ ကျဆုံးစာရင်းကို အပြင်ကို သတင်းမထွက်အောင် ထိန်းတယ်၊တကယ်တိုက်နေရတဲ့ အောက်ခြေစစ်သားတွေ စိတ်ဓာတ်မပျက်ပြားအောင် သတင်းအမှောင်ချပြီး ထိန်းနေတဲ့သဘောပဲ၊ မအလ မင်းအောင်လှိုင်တို့အတွက်တော့ ပြည်သူတွေရဲ့ အသက်ရော၊ အောက်ခြေ စစ်သားတွေရဲ့ အသက်ရောက ဘာမှ တန်ဖိုးရှိတာမဟုတ်ဘူး၊ သူတို့ အာဏာမြဲဖို့အတွက် ဘာမဆို အကုန်လုပ်မယ့် သန္ဓေအယုတ်ဆုံး အယုတ်တမာကောင်တွေပဲဖြစ်တယ်၊ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက်တော့ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်နေရဦးမှာပဲ၊ဒီတခါတိုက်ပွဲက သရေဆိုတာလုံးဝမရှိဘူး၊ ပြည်သူက အနိုင်ရကိုရရမယ်၊ စစ်အာဏာရှင် စနစ်အပြီးတိုင်ပျက်သုဉ်းရမယ်။ (ကလေးမြို့နဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း အင်တာနက်ရနေသရွေ့ ဆက်ပြီး

ယနေ့ ဧပြီ ၇ရက်တွင် ကျဆုံးသူ စုစုပေါင်း ၁၂ ဦး ရှိသွားပြီဖြစ်သည်။ ကလေးမြို့မှာ အခုညပိုင်း တစ်‌ယောက် ထပ်မံကျဆုံးပါတယ်။ မနက်ကဖြစ်စဉ်မှာ လက်ပြတ်သွားတဲ့သူဖြစ်ပြီး ဆေးကုသမှုခံယူနေရင်း ကျဆုံးသွားတာပါ။

Source: Hein Chit

LEAVE A REPLY

Please enter your comment!
Please enter your name here