စက်တင်ဘာ ၂၉၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထန်တလန်မြို့နယ်တွင် လျာထားမဲရုံ(၁၀၅)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၁၀၅)ဦးကို ခန့်အပ်သွားမှာဖြစ်ကြောင်း အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ထန်တလန်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။ရွေးကောက်ပွဲအတွက် အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၆ ရက် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source: မြို့နယ်(ပြန်/ဆက်)